‌အဓိကကျသူ ယေရှု

ဒိုင်လူကြီး၏ နောက်ဆုံးလက်ဟန်အမူအရာနှင့်အတူ နပန်းမယ် Kennedy Blades (ကနေဒီဘလိတ်စ်)သည် ၂၀၂၄ ခုနှစ်၏အိုလံပစ်ချိန်ပီယံဖြစ်လာခဲ့သည်။ သူမသည် လက်အုပ်ချီကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ လွန်ခဲ့သော သုံးနှစ်တာအတွင်း သူမ၏ တိုးတက်မှုကို သတင်းထောက်မှ မေးမြန်းရာ၊ လက်ရွေးစင်အားကစားသမား ကနေဒီက ကာယပိုင်းလေ့ကျင့်မှုကို ပြောပြခြင်းမရှိဘဲ၊“ကျွန်မ သခင်ယေရှုနှင့်နီးကပ်စွာ အသက်ရှင်ခဲ့ပါတယ်”ဟုပြောခဲ့သည်။ သခင်ခရစ်တော်ကို ဘုရင်တစ်ပါးအဖြစ်ဝန်ခံလျက် ခရစ်တော် တစ်ဖန်ကြွလာမည်ဟုဆိုကာ၊ ခရစ်တော်ကို ယုံကြည်ရန် လူတို့ကို တိုက်တွန်းအားပေးခဲ့သည်။ “အဲဒါ သခင်ခရစ်တော်၊ အဲဒါက ကျွန်မကို ကြီးမားတဲ့အောင်မြင်မှုရစေတဲ့ အကြောင်းတရားပါပဲ”ဟု ပြောခဲ့သည်။ အခြားအင်တာဗျူးတစ်ခုတွင် သခင်ယေရှုသည် သူမအတွက် အဓိကကျသည့်ပုဂ္ဂိုလ်၊ သူမ၏ဘဝ၌ ကောင်းသည့် အမှုအရာများကိုဖြစ်စေ၊ ရစေသည့် အကြောင်းရင်း ဖြစ်ကြောင်း သစ္စာတည်စွာ ဖြေကြားခဲ့သည်။

ထိုသို့ဘုရားကို ဗဟိုပြုသည့်အသက်တာဖြင့် အသက်ရှင်ရန် စိတ်အား ကြီးမှုက ဆာလံ ၆၃…

မပျက်စီးနိုင်သော ယုံကြည်ခြင်း

ဒိုင်အန်းဒေါ့ခိုကင်း (Dianne Dokko Kim)နှင့်သူ၏ခင်ပွန်းတို့သည် ၎င်းတို့၏ သားကို အော်တစ်ဇင်ဝေဒနာရှင်ဟု သိရသောအခါ မသန်စွမ်းသောသားသည် လောက၌ သူမထက် ပိုကြာကြာအသက်ရှင်နိုင်‌ကြောင်း ဖြစ်နိုင်ခြေရှိသည့် အဖြစ်မှန်နှင့် ရုန်းကန်ခဲ့ရသည်။ “ကျွန်မမရှိရင် သူဘယ်လိုလုပ်မှာလဲ”ဟု ဘုရားရှင်ထံ သူမ အော်ဟစ်ခဲ့သည်။ မသန်စွမ်းကလေးများကို စောင့်ရှောက်နေရသည့် အခြားမိဘများ၏မစပံ့ပိုးမှုအားဖြင့် ဘုရားသခင် သူမကို ဝန်းရံခဲ့သည်။ မကြာခဏပေါ်လာသည့် ရှင်းပြ၍မရနိုင်သော အပြစ်ရှိသည်ဟု ခံစားရစိတ်၊ လိုအပ်မှုရှိသည်ဟုခံစားရစိတ်၊ စိုးကြောက်မှုများကြားတွင် ဘုရားရှင်ကို ယုံကြည်ကိုးစားနိုင်အောင် ကိုယ်‌တော်က ဒိုင်အန်းကို ခွန်အားဖြည့်ပေးခဲ့သည်။ အဆုံးတွင် သူမရေးသားသည့် “Unbroken Faith” စာအုပ်၌ ဒိုင်အန်းသည် မသန်စွမ်းကလေးများကို စောင့်ရှောက်ပျိုးထောင်ရသူများအတွက် “ဝိညာဥ်ရေးရာ ပြန်လည်ကောင်းမွန်”လာရေး မျှော်လင့်ချက်ကို ကမ်းလှမ်းပေးခဲ့သည်။ သူမ၏သား ကြီးကောင်ပေါက်အရွယ်ရောက်သောအခါ ဒိုင်အန်း၏ ယုံကြည်ခြင်းက ပြည်ဝကြံ့ခိုင်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သူတို့သားအမိကို အစဥ်အမြဲ ဂရုပြုမည်ကို သူမယုံကြည်စိတ်ချသည်။

ဘဝ၏မသေချာမရေရာမှုများကြောင့်…

ယုံကြည်ခြင်းအပြည့်ဖြင့် အသက်ရှင်ခြင်း

လပေါင်းများစွာ ဆေးရုံတက်နေရသော စေ့သီ (Sethie) ၏ သုံးနှစ်အရွယ်သားလေး ရှီးလို(Shiloh)အတွက် ကမ္ဘာတစ်ဝန်းရှိ ထောင်နှင့်ချီသောလူများ ဆုတောင်းခဲ့ကြသည်။ သူ၌ “အဓိပ္ပာယ်ရှိသော ဦးနှောက်လုပ်ဆောင်ချက်မရှိ”ဟု ဆရာဝန်များက ပြောသောအခါ စေ့သီက ကျွန်မကို ဖုန်းခေါ်ခဲ့သည်။ “တစ်ခါတလေ ယုံကြည်ချက်အပြည့်နဲ့ ကျွန်မ အသက်မရှင်မှာကို စိုးကြောက်မိတယ်။ ဘုရားသခင်ကရှီးလိုကို ကုသပေးပြီး ကျွန်မတို့ နဲ့အတူ အိမ်ပြန်ခွင့်ပေးနိုင်တယ်ဆိုတာ ကျွန်မသိတယ်။ “ဘုရားသခင်က သူ့ကိုကောင်းကင်ဘုံကို ခေါ်ဆောင်ပြီး အနာငြိမ်းစေမယ်ဆိုလည်း ကျွန်မငြိမ်သက်ခြင်းရှိမှာပဲ”ဟု သူမက ဆိုပါသည်။ “ဘုရားသခင်သည် မည်သူမျှနှင့်မတူအောင် နားလည်နိုင်စွမ်းရှိကြောင်း သူမကို အခိုင်အမာပြောပြီး “ရှင်က ဘုရားသခင်ထံမှာအပ်နှံပြီးဖြစ်တဲ့ အတွက် အဲဒါဟာ ယုံကြည်ခြင်းအပြည့်ဖြစ်တယ်”ဟု ကျွန်မပြောလိုက်သည်။

မကြာမီ ဘုရားသခင်က သူမ၏အဖိုးတန်သားကို ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားခဲ့သည်။ သားကို ဆုံးရှုံးရ၍ ဝမ်းနည်း ပူဆွေးမှုနှင့် ရုန်းကန်နေရသော်လည်း စေ့သီသည် ဘုရားသခင်နှင့် ဆုတောင်းပေးသည့်လူများကို ကျေးဇူးတင်ခဲ့သည်။…

အထောက်အကူဖြစ်သော ဝိညာဉ်တော်၏သတိပေးမှု

တစ်နှစ်တွင် ကျွန်မသည် သား၏အားကစားပွဲမစတင်မီ သီချင်းတစ်ပုဒ်ဆိုပေးရန် သဘောတူခဲ့သည်။ ရက်သတ္တပတ်ကြာအောင် လေ့ကျင့်ခဲ့ရသော်လည်း ဤသီချင်းကို ကျွန်မလုံးဝအလွတ်ဆိုနိုင်ပြီဖြစ်သည်။ နောက်ဆုံး ကျွန်မ၏ဘေးတစ်ဘက်တစ်ချက်တွင် တန်းစီနေသော အသင်းများနှင့်အတူ ကွင်းထဲသို့ ဝင်သွားချိန်၌ မျက်လုံးမှိတ်ပြီး ဆုတောင်းခဲ့သည်။ ထို့နောက် သီချင်းစာသားအနည်းငယ် စတင်သီဆိုခဲ့ပြီးနောက် စာသားကို မမှတ်မိတော့သဖြင့် ကျွန်မတုန်လှုပ်သွားသည်။ နောက်မှာရှိသော အမျိုးသားတစ်ဦးက ကျွန်မမေ့နေသော စာသားများကို တိုးတိုးလေး ပြောပြပေးခဲ့သည်။ အထောက်အကူဖြစ်သော သတိပေးမှုကို ကြားသည်နှင့်တစ်ပြိုင်နက် ကျန်သောစာသားများကို ယုံကြည်မှုရှိရှိ ကျယ်လောင်စွာ ကျွန်မသီဆိုခဲ့သည်။

တစ်ခါတစ်ရံတွင် အကူအညီအနည်းငယ်ကို ကျွန်မတို့အားလုံးလိုအပ်သည်။ ယော ၁၄ တွင်၊ သခင်ယေရှုက သူ့ပညတ်တို့ကို စောင့်ရှောက်ခြင်းသည် သူ့ကို ချစ်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး(:၁၅)၊ ကျွန်မတို့အား ကူညီသူအဖြစ် “သန့်ရှင်းသောဝိညာဉ်တော်” (:၁၇)ကို ပေးရန် ခမည်းတော်ထံ တောင်းလျှောက်ပေးမည်ဟု ကတိပြုခဲ့သည်။ “ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။…

ဘုရားသခင်၏အပိုင်

အမေ့ကို ပြုစုစောင့်ရှောက်သူအဖြစ် အလုပ်အကျွေးပြုရင်း တစ်နေ့တွင် အနုပညာပြပွဲကို ကျွန်မတို့ သွားကြည့်ခဲ့သည်။ ကျွန်မတို့မှာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ ပြပွဲတွင် အရောင်အသွေးစုံသော ဖန်ထည်ဖြင့် ရုပ်လုံးဖော်ထားပြီးဂျပန်ငါးမျှားချိတ်နှင့် ပန်းများဖြင့် ပြင်ဆင်ပုံဖော်ထားသည့် သစ်သားလှေနှစ်စင်းကို ကို ကျွန်မငေးကြည့်မိသည်။ ထို(အီကီဘာနာ)ပန်းအလှနှင့် ရေမျှောလှေများကို အနက်ရောင်နံရံရှေ့ရှိ ရောင်ပြန်မျက်နှာပြင်၌ ပြင်ဆင်ပြသထားသည်။ ပုံမှန်ထက်ပိုကြီးသည့် ကော်ဘောလုံးကဲ့သို့ အစက်အပြောက်၊ အစင်းကျားဖန်လုံးများကို သေးငယ်သောလှေပေါ်တွင် စုပုံထားသည်။ ဒုတိယလှေ၏ကိုယ်ထည်တွင် ရှည်လျား၊ လိမ်ကောက်ကွေးနေသော ဖန်သားပန်းပုလက်ရာက မြူးကြွသောမီးတောက်ပမာမြင့်တက်နေသည်။ ပန်းပုပညာရှင်သည် မီးဖြင့်သန့်စင်သော ဖန်မှုတ်ခြင်း နည်းစနစ်ဖြင့် လက်ရာတစ်ခုစီတိုင်းကို အရည်ကျို သွန်းလုပ်ပုံသွင်းခဲ့သည်။

ကျွန်မတို့၏အခက်ခဲဆုံးနေ့ရက်များတစ်လျှောက်တွင် ဘုရားသခင်သည် သူချစ်သောသားသမီးဖြစ်သည့် ကျွန်မတို့သားအမိကို ဂရုစိုက်သောလက်တော်ဖြင့် သူပွေ့ဖက်ထားသည်ကို တွေးကြည့်မိရင်း ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။ အသက်တာတွင် ဘုရားသခင်သည် သူ့လူတို့၏စရိုက်လက္ခဏာကို မီးနှင့်သန့်စင် ပုံဖော်ထားသကဲ့သို့၊ မိမိကို ကိုယ်တော်သိကြောင်း၊ မိမိကို ကိုယ်တော်…

ဘုရား၏ချစ်မေတ္တာကို စပ်ဆိုင်သူထံသို့ မျှဝေခြင်း

မီရှီဂန်ပြည်နယ်၏ ဆောင်းရာသီတစ်ရက်တွင် သက်ကြွယ်အမျိုးသမီးတစ်ဦးသည် ကားဂိုထောင်ရှေ့လမ်းပိုင်းပေါ်မှ နှင်းများကို ကော်ထုတ်နေသည်ကို ပစ္စည်းပို့သမားတစ်ဦးက သတိပြုမိသည်။ သူသည် ကားရပ်လိုက်ပြီး အသက် ၈၁ နှစ် အရွယ် အမျိုးသမီးအား သူပြီးအောင် လုပ်ပါရစေဟု နားချခဲ့သည်။ အခြားအိမ်များသို့ သူပစ္စည်းပို့ရန် နောက်ကျနေမည်ကို စိုးရိမ်၍ သူမသည် အခြားဂေါ်ပြားတစ်ခုကိုထုတ်ကာ သူတို့ ၂ ဦးသည် ၁၅ မိနစ်နီးပါးမျှ အတူတူ အလုပ် လုပ်ခဲ့ကြသည်။ သူမ၏အိမ်နီးချင်းများက အဝေးမှကြည့်နေခဲ့ကြသည်။ သူမက “မင်း ငါ့ကို ကူညီပေးတာ ငါကျေးဇူးတင်ပါတယ်။ မင်းက ဘုရားသခင်လွှတ်လိုက်တဲ့ သူပဲ” ဟု ဆိုသည်။

ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီးနှင့် စကားပြောရာတွင် သခင်ယေရှုက မိမိနှင့် စပ်ဆိုင်သူကို ချစ်ခြင်းသဘောတရားကို ပြန်လည်အဓိပ္ပာယ် သတ်မှတ်ပေးခဲ့သည် (လု ၁၀:၂၅-၃၇)။ သခင်က ကျမ်းတတ်ပုဂ္ဂိုလ်အား သူအလွန်ကျွမ်းသောကျမ်းကို မည်ကဲ့သို့အနက်ဖွင့်ကြောင်းမေးရာ၊ ကျမ်းတတ်ပုဂ္ဂိုလ်က “သင်၏ဘုရားသခင်…

နိမ့်ကျသော်လည်း ဘုရားသခင် ချစ်သည်

တစ်နေ့၌ ဘုရားကျောင်းသို့ ရောက်လာသော မိသားစုတစ်စုကို ကျွန်ုပ် နှုတ်ဆက်စကားပြောခဲ့သည်။ သူတို့သမီးလေးက ဘီးတပ်ကုလားထိုင်နှင့်ဖြစ်၍ သူ့အနီးသို့ ဒူးထောက်ထိုင်ချလိုက်ကာ၊ ကျွန်မ၏ခွေးလေးကာလီနှင့် မိတ်ဆက်ပေးလိုက်ပြီး၊ ထိုသမီးလေး၏ လှပသောမျက်မှန်လေးနှင့် ဘွတ်ဖိနပ်လေးက ချစ်စရာဟု ချီးကျူးပြောဆိုခဲ့သည်။ သူမက ဘာမှမပြောသော်လည်း၊ ကျွန်မနှင့် စကားပြောရခြင်းကို သူမနှစ်သက်ကြောင်း သူမ၏အပြုံးများက ဖော်ပြနေသည်။ ထိုစဥ် အခြားကလေးမလေးတစ်ဦး ကျွန်မတို့အနားသို့ရောက်လာပြီး ကျွန်မမိတ်ဆွေသစ်၏ကလေးကို တိုက်ရိုက်မကြည့်ဘဲ “သမီး၊ သူ့ရဲ့ အင်္ကျီလေးကို သဘောကျကြောင်း ပြောပေးပါ” ဟု ကျွန်မကို တိုးတိုးလေးပြောသည်။ “မင်းကိုယ်တိုင်ပြောလိုက်ပါ။ သူက မင်းလိုပဲ သဘောကောင်းတယ်”ဟု ပြောကာ၊ မိတ်ဆွေသစ်နှင့်စကားပြောခြင်းက လွယ်ကူသောကိစ္စဖြစ်ပြီး၊ သူက တစ်မျိုးတစ်ဖုံ တုံ့ပြန်သည့်တိုင် သူမျက်နှာကို ကြည့်ပြီး ပြုံးပြ ခြင်းက သူ့ကို လက်ခံကြောင်း၊ ချစ်ကြောင်းခံစားရစေသည်ဟု ကျွန်မရှင်းပြခဲ့သည်။

နှုတ်ကပတ်တော်နှင့် ဤလောကတွင် မတူညီကွဲပြားသည်ဟု အထင်ခံရခြင်းကြောင့် လူအချို့မှာ…

အသက်ထက်သာ၍ ကောင်းသည်

မမျှော်လင့်ဘဲ ထပ်မံ၍ ကျန်းမာရေး ထိခိုက်ချို့ယွင်းပြီးနောက် ကျွန်မခင်ပွန်းနှင့်တကွ အခြားသူတို့နှင့်အတူ တောင်ပေါ်အပန်းဖြေခရီးသို့ ကျွန်မလိုက်ပါခဲ့သည်။ တောင်ကုန်းထိပ်တစ်ခုရှိ ဘုရားကျောင်းလေးသို့ သစ်သားလှေကားမှ ကျွန်မဖြည်းဖြည်းချင်းတက်ခဲ့သည်။ အမှောင်ထဲတွင် တစ်ယောက်တည်း တက်လာရင်း ပဲ့နေသောလှေကားထစ်တစ်ခုတွင် ကျွန်မ နားလိုက်သည်။ ဂီတသံ စကြားရသည့် အချိန်တွင် “ကျွန်မကို မစပါ၊ အဘဘုရား” ဟု ကျွန်မ ဆုတောင်းခဲ့သည်။ ဖြည်းဖြည်းချင်းလျှောက်သွားရင်း အခန်းကျဉ်းတစ်ခုထဲ ရောက်သွားသည်။ နာကျင်မှုဖြင့် အသက်ရှူရင်း ဘုရားသခင်သည် တောထဲတွင် ကျွန်မတို့ကို ကြားခြင်းကြောင့် ကျွန်မ ကျေးဇူးတင်မိသည်။

ဘုရားသခင်အား အရင်းနှီးဆုံး ကိုးကွယ်သည့် အခိုက်အတန့်အချို့မှာ တောထဲတွင် ဖြစ်ကြောင်း ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ သူ့သား အဘရှလုံထံမှထွက်ပြေးရင်း ယုဒပြည်၏ကန္တာရထဲ ဒါဝိဒ်မင်း ပုန်းနေစဉ် “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။...အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုငတ်ပါ၏။ အကျွန်ုပ်၏ကိုယ်ခန္ဓာ…

ဘုရားသခင်အား ပြန်၍ပေးခြင်း

ကျွန်မတို့ အပတ်စဉ်လှူဒါန်းခြင်းအပြင် အားကစားရုံအသစ်တစ်ခုဆောက်ရန်အတွက် အလှူငွေပါဝင်ရန် အသင်းတော်၏ခေါင်းဆောင်များက ကျွန်မတို့ကို တစ်နှစ်က ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာကိုအသုံးပြု၍ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ မိသားစုများကို သာသနာပြုမည်ဖြစ်သည်။ မသန်စွမ်းဖြစ်နေခြင်းကြောင့် ဆေးဝါးအတွက် ကုန်ကျစရိတ်ကို ဆုတောင်း၍ စဉ်းစားတွက်ချက်ကြည့်ပြီးနောက် “ကျွန်မတို့ ဒါကိုလုပ်နိုင်ပါ့မလား” ဟု ကျွန်မယောက်ျားကို မေးခဲ့သည်။ သူက ခေါင်းငြိမ့် ၍ “ ဘုရားသခင်ရဲ့အပိုင်ဖြစ်နေပြီးသားအရာကိုပဲ ပြန်ပေးတာပဲလေ၊ လိုအပ်သမျှကို ဘုရားသခင်က ထောက်ပံ့မှာပါ”ဟု သူက ဆိုသည်။ ဘုရားသခင်က တကယ်လည်း ထောက်ပံ့ခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် ကျွန်မတို့၏ဘုရားကျောင်း သည် ထိုအဆောက်အအုံတွင် လူများကို ဝန်ဆောင်မှုပေးခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်နိုင်ခွင့် ရနေဆဲဖြစ်သည်။

ရာဇဝင်ချုပ်ပထမစောင် ၂၉ တွင် ဒါဝိဒ်မင်းကြီးက သူ့သားရှောလမုန်ကို ဘုရားသခင် ရွေးချယ်ထားသော ထီးနန်းဆက်ဆံသူနှင့် ဗိမ္မာန်တော်တည်ဆောက် သူအဖြစ် ထောက်ခံကြောင်း ဣသရေလပြည်၏ ခေါင်းဆောင်များကို…

အမှန်တရားသည် မည်သည့်အခါမှ မပြောင်းလဲပါ

ကျွန်မသားဇာဗီးယားငယ်စဉ်အခါက သူနှင့်အတူ ကလေးပုံပြင်ဖတ်ရာ ထိုပုံပြင်မှာ ဘောပင်ကို လုပ်ကြံဖန်တီးထားသည့်အမည်ဖြင့် ရည်ညွှန်းပြောဆိုကာ ဆရာမကို မနာခံသည့် သူငယ်လေးအကြောင်း ဖြစ်သည်။ ထိုကောင်လေးမှာ သူဖန်တီးထားသည့် အမည်ဖြင့် ဘောပင်ကိုခေါ်ဆိုရန် ငါးတန်းအရွယ် သူ၏သူငယ်ချင်းများကို စည်းရုံး ခဲ့သည်။ ကောင်လေး၏ အစားထိုးစကားလုံးအကြောင်းမှာ တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုတိုင်းပြည်ရှိလူများလည်း ဘောပင်ကို ခေါ်ဆိုသုံးနှုန်းသည့် အသုံးကို ပြောင်းလဲခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူငယ်လေးဖန်တီးထားသည့် အသုံးအနှုန်းကို မပြောင်းလဲသော အမှန်တရားဟု အချို့က ယုံကြည်လက်ခံကြသည်။

သမိုင်းတစ်လျှောက်တွင် အားနည်းချက်ရှိသည့် လူသားများက သူတို့အလိုဆန္ဒ နှင့်ကိုက်ညီရန် အစဉ်ပြောင်းလဲနေသည့် အမှန်တရားများ (သို့) ၎င်းတို့ပို၍နှစ်သက်သည့် အမှန်တရားကိုသာ လက်ခံယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းစာသည် တစ်ခုတည်းသောအမှန်တရား၊ တစ်ပါးတည်းသောဘုရားသခင်နှင့် ကယ်တင်ခြင်း သို့ ရောက်မည့်တစ်ခုတည်းသောလမ်းဖြစ်သည့် မေရှိယကို ပြညွှန်ထားသည်။ မေရှိယမှ တစ်ဆင့် “ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း”…